ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏အမြင်

၁၉၆၈ ခုနှစ်က အမေရိကန်နှင့်ဗီယက်နမ်နှစ်နိုင်ငံ စစ်ဖြစ်ကြရာ နေရာအနှံ့အပြားတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြင်းထန်လာခဲ့ကာ နိုင်ငံကျော်ပုဂ္ဂိုလ်နှစ်ဦး လုပ်ကြံခံခဲ့ရသည်။ ထိုနှစ်မတိုင်မီခန့်က ဒုံးပျံပစ်တင်စင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အာကာသယာဉ်မှူးသုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ လကမ္ဘာပေါ် အခြေချမည့်အမှုအရေးမှာလည်း မဖြစ်နိုင်တော့သည့် အိပ်မက်တစ်ခုလိုဖြစ်ခဲ့သည်။ သို့သော် လည်း အပိုလိုအမှတ်စဉ်-၈ အာကာသယာဥ်ကို ခရစ်စမတ်မတိုင်မီ ရက်များတွင် လွှတ်တင်နိုင်ခဲ့သည်။

၎င်းသည် လကမ္ဘာကို လည်ပတ်ရန် လူလိုက်ပါသည့် ပထမဆုံးသောခရီးစဉ် ဖြစ်ခဲ့သည်။ ထိုပျံသန်းရေးခရီစဉ်တွင် ပါဝင်သည့် Borman(ဘိုးမန်း)၊ Anders (အန်ဒါ)နှင့် Lovell(လိုဗယ်လ်)တို့မှာ ယုံကြည်သူများဖြစ်ကြပြီး၊ ခရစ်စမတ်ပွဲတော် အတွက် ”အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူ၏” ဟူသည့် (က ၁:၁) မက်ဆေ့ချ်တစ်ခုကို ၎င်းတို့ထုတ်လွှင့်ခဲ့သည်။ ထိုအချိန်က ထိုအဖြစ်အပျက်သည် ကမ္ဘာပေါ်တွင် လူကြည့် အများဆုံး တီဗီအစီအစဉ်ဖြစ်ခဲ့ပြီး၊ ယခုခေတ်တွင် ဟိုးလေးတကျော်ဖြစ်သည့် ဘုရား၏…

တားမြစ်မိန့်

အမျိုးသားတစ်ဦးသည် ဘုရားသခင်အား တားမြစ်မိန့်ချမှတ်ရန် တရားရုံး၌ တင်သွင်း ခဲ့သည်။ ဘုရားသခင်သည် သူ့အား “အထူးသဖြင့် မကြင်နာကြောင်း”နှင့် “ပြင်းထန်သည့် အပျက်သဘောထား”ကို ပြသခဲ့ကြောင်း အခိုင်အမာဆိုခဲ့သည်။ ကြီးကြပ်စစ်ဆေးသောတရားသူကြီးက ထိုသူသည် တရားရုံး၏အကူအညီကို မလိုအပ်ဘဲ၊ သူ၏စိတ်ကျန်းမာရေးအတွက်သာ အကူအညီလိုသည်ဟု ပြောကာ တရားစွဲဆိုမှုကို ပယ်ချခဲ့သည်။ ရယ်စရာကောင်းသော်လည်း ၎င်းသည် ဝမ်းနည်းဖွယ် ဖြစ်ရပ်မှန်ပင်။

သို့သော် ကျွန်တော်တို့ရော သူနှင့် ကွာခြားပါရဲ့လား။ “ကျေးဇူးပြု၍ တော်ပါ တော့ ဘုရားသခင်၊ ကျွန်ုပ်မခံနိုင်တော့ပါ” ဟု တစ်ခါတစ်ရံ၌ ကျွန်တော်တို့လည်း မပြောလိုကြဖူးလား။ ယောဘ ပြောခဲ့သည်။ သူသည် ဘုရားသခင်ကို စစ်ဆေးမေးမြန်းခဲ့သည်။ ဖွင့်မပြောပြနိုင်လောက်သော ကိုယ်ရေးကိုယ်တာအဖြစ်ဆိုးများကို ခံရပြီးနောက် “ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေ”ဟု ပြောကာ (ယောဘ ၁၃:၃)၊ ဘုရားသခင်အား တရားစွဲခြင်းကို (၉:၃) မြင်ယောင်ကြည့်ပါသည်။ သူက “လက်တော်ကို…

အကျဥ်းထောင်သံတိုင်များ၏နောက်ကွယ်

အမေရိကန်ဘောလုံးအသင်းမှ နောက်တန်းတိုက်စစ်မှူး ကြယ်ပွင့်ကစားသမား တစ်ဦးသည် အားကစားကွင်း မဟုတ်သော စင်မြင့်ပေါ်သို့ တက်လာပြီး၊ ဖလော်ရီဒါ ပြည်နယ်၊ မီယာမီမြို့ရှိ အဲဗားဂလိပ်ဒ်စ်(Everglades) ပြုပြင်ထိန်းသိမ်းရေးဌာနရှိ အကျဉ်းသားသုံးရာတို့အား ဟေရှာယကျမ်းမှ စကားများကို ဝေမျှခဲ့သည်။

ဤအခိုက်အတန့်သည် နာမည်ကျော်အားကစားသမားတစ်ဦးကို မြင်ရသည့်မြင်ကွင်းအကြောင်း မဟုတ်ဘဲ ကျိုးပဲ့နာကျင်နေသော ဝိညာဉ်များစွာ၏အကြောင်းဖြစ်သည်။ ဤအထူးအချိန်၌ ဘုရားသခင်သည် သံတိုင်များ နောက်ကွယ်မှ ထင်ရှားလာသည်။ လေ့လာသူတစ်ဦးက “ဝတ်ပြုဆောင်မှာ ကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းများ ပွင့်အန်ထွက်လာတယ်”ဟူသော စာတိုလေးကို အင်တာနက်ပေါ်တင်လိုက်သည်။ အမျိုးသားများသည် အတူတကွငိုကြွေးပြီး ဆုတောင်းခဲ့ကြသည်။ အဆုံး၌ အကျဉ်းသား နှစ်ဆယ်ခုနစ်ဦးသည် သူတို့၏အသက်တာကို ခရစ်တော်ထံ အပ်နှံခဲ့ကြသည်။
တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏လောဘ၊ တစ်ကိုယ်ကောင်းဆန်မှု၊ စွဲလန်းမှု စသည့် ကိုယ်တိုင်လုပ်အကျဉ်းထောင်၏သံတိုင်များနောက်၌ ချောင်ပိတ်မိနေသည်။ သို့သော် အံ့ဩဖွယ် ဘုရားသခင် ရောက်လာသည်။ ထိုနေ့မနက် အကျဉ်းထောင်၌ အဓိကကျမ်းပိုဒ်မှာ “အမှုသစ်ကို…

အနိုင်ဂိုး

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တူရကီနိုင်ငံတွင် ကျင်းပသော ဘောလုံးပွဲ၌ Christian Atsu (ခရစ္စတန်အာစူ)သည် သူ၏အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကျော်ကြားသူ ဘောလုံးအားကစားသမားသည် ကလေးအရွယ်ကပင် သူ၏မိခင်နိုင်ငံ ဂါနာနိုင်ငံတွင် ခြေဗလာဖြင့် ‌ဘောလုံးကန် လေ့ကျင့်ခဲ့သည်။ ခရစ္စတန်သည် သခင်ခရစ်တော်ကို ယုံကြည်သူဖြစ်သည်။ “သခင်ယေရှုက ကျွန်တော့်ဘဝဖြစ်ပျက်သမျှမှာ အကောင်းဆုံးအရာပဲ” ဟု သူပြောသည်။ ခရစ္စတန် သည် ဆိုရှယ်မီဒီယာပေါ်တွင် သမ္မာကျမ်းချက်များကို တင်သည်၊ သူ၏ယုံကြည်ခြင်း အကြောင်းကို ထုတ်ဖော်ပြောကြားကာ မိဘမဲ့ကလေးများအတွက် ကျောင်းတစ်ကျောင်းတွင် ငွေကြေးထောက်မခြင်းအားဖြင့် ယုံကြည်ခြင်းကို လက်တွေ့ဖော်ဆောင်ခဲ့သည်။

သူအနိုင်ဂိုးသွင်းပြီးနောက်တစ်နေ့တွင် တစ်ချိန်က သမ္မာကျမ်းစာ၌ အန္တိအုတ် မြို့ဟုခေါ်သည့် Antakya (အန်ထာ့ခ်ယာ)မြို့တွင် ယူကျုံးမရဖွယ် မြေငလျင်လှုပ်ခဲ့သည်။ ခရစ္စတန်အာစူ နေသော တိုက်ခန်းအဆောက်အအုံ ပြိုကျခဲ့ပြီး သူသည် သူ၏ကယ်တင်ရှင်ထံသို့ ဘုန်းတော်ဝင်စားသွားခဲ့သည်။

လွန်ခဲ့သောနှစ်နှစ်ထောင်က အန္တိအုတ်မြို့သည် ကနဦးအသင်းတော်၏…

ဘုရားသခင်၏လက်ရာတော်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သိပ္ပံပညာရှင်များသည် James Webb Space အဝေးကြည့်မှန်ပြောင်းအသစ်မှ အာကာသရှိ အနက်ရှိုင်းဆုံးနေရာကိုရိုက်ထား
သည့် ပထမဆုံးပုံများကို စောင့်မျှော်ခဲ့ကြသည်။ ဤနောက်ဆုံးပေါ် အဝေးကြည့် မှန်ပြောင်းသည် လူသားများ ယခင်က ကြည့်ဖူးသည်ထက် စကြဝဠာကို ပို၍ဝေးသော အကွာအဝေးထိ လှမ်းကြည့်နိုင်သည်။ ရုတ်တရက် ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ တစ်ခါမှမမြင်ဘူးသေးသော Carina Nebula (ခါရီးနား နက်ဗျူလာ) အာကာသဟင်းလင်းပြင်မှ ကြယ်စု၏ အရောင်အသွေးစုံလင်သော မြင်ကွင်းဖြစ်သည်။ NASA (နာဆာ)မှ နက္ခတ္တဗေဒပညာရှင် တစ်ဦးက ထင်ရှား
သော ဘုရားမဲ့ဝါဒီ Carl Sagan (ကားလ် ဆာဂန်)၏ စကားကို ကိုးကားလျက် “တစ်နေရာရာမှာ မယုံနိုင်စရာအရာတစ်ခုက စောင့်နေတယ်”ဟု ပြောခဲ့သည်။

ရံဖန်ရံခါ လူများသည် ဘုရားသခင်ကို စကားပြောနိုင်ပြီး သူ့ကိုတော့…

ဘုရားသခင်အတွက် အဆင်သင့်ဖြစ်နေခြင်း

‘Hidden Figures’ (လျှို့ဝှက်ကိန်းဂဏန်းများ) စာအုပ်တွင် John Glenn (ဂျွန်ဂလန်း) ၏ အာကာသသို့ ပျံသန်းခြင်းအတွက် ပြင်ဆင်မှုအကြောင်းကို တွေ့ရသည်။ ကွန်ပျူတာများသည် ၁၉၆၂ ခုနှစ်တွင် အသစ်တီထွင်မှုများဖြစ်ပြီး၊ ချို့ယွင်းချက်များရှိနိုင်သည်။ လန်း သည် ၎င်းတို့ကို မယုံကြည်ဘဲ ဒုံးပျံလွှတ်တင်ရန် တွက်ချက်မှုအတွက် စိုးရိမ်ခဲ့သည်။ သို့သော် အနောက်ခန်း၌ ဉာဏ်ကောင်းသော အမျိုးသမီးတစ်ဦးသည် ကိန်းဂဏန်းတွက်ချက်နိုင်ကြောင်းကို သူသိပြီး၊ သူမကို သူယုံကြည်သည်။ “တကယ်လို့ သူမက နံပါတ်များကောင်းတယ်လို့ပြောရင် ကျွန်တော်သွားဖို့ အသင့်ပါပဲ” ဟု သူပြောခဲ့သည်။

Katherine Johnson (ကက်သရင်း ဂျွန်ဆင်)သည် ကလေးသုံးယောက် မိခင်ကျောင်းဆရာမတစ်ဦးဖြစ်သည်။ သူမသည် သခင်ယေရှုကို ချစ်မြတ်နိုးပြီး အသင်းတော်၌လည်း အ‌စေခံသည်။ ဘုရားရှင်သည် သူမအား ထူးခြားသောဦးနှောက်ကို ပေးခဲ့သည်။ အာကာသအစီအစဉ်တွင် ကူညီရန် ၁၉၅၀ ပြည့်နှစ်များနှောင်းပိုင်း၌ သူမအား NASA (နာဆာ) သိပ္ပံအဖွဲ့မှ ရွေးချယ်ခဲ့ပြီး ဂလန်း၏…

“ငါဖြစ်သည်အတိုင်းငါဖြစ်၏”

ဒဿနိကဗေဒနှင့် စာပေဆိုင်ရာ ပါမောက္ခ Jack (ဂျက်)သည် ထက်မြက်သောစိတ်ရှိသည်။ အသက် (၁၅) နှစ်တွင် သူ့ကိုယ်သူ ဘုရားမဲ့ဝါဒီတစ်ဦးအဖြစ် ကြေညာခဲ့ပြီး၊ အရွယ်ရောက်ပြီးချိန်တွင် သူ၏ “ဘုရားမဲ့ဝါဒယုံကြည်ခြင်း” ကို ပြတ်ပြတ်သားသား ခုခံကာကွယ်ခဲ့သည်။ ခရစ်ယာန်မိတ်ဆွေများက သူ့ကို ပြောင်းလဲလာအောင် ကြိုးစားခဲ့ကြသည်။ ဂျက် က “လူတိုင်း၊ အရာအားလုံးဟာ တခြားတစ်ဘက်ကို ကူးပြောင်းသွားကြပြီ” ဟုဆိုခဲ့သည်။ သို့သော် သမ္မာကျမ်းစာသည် အခြားစာပေများနှင့် ဒဏ္ဍာရီများနှင့် မတူကြောင်း သူဝန်ခံခဲ့ပြီး ခရစ်ဝင်ကျမ်းများနှင့် စပ်လျဥ်း၍ “ဒဏ္ဍာရီတစ်ခုသည် အမှန်ဖြစ်လာခဲ့သည်ရှိသော်၊ အမှန်တကယ် သရုပ်ဖော်ခဲ့သည်ရှိသော်၊ ဤသဘောအတိုင်း အမှန် ဖြစ်လိမ့်မည်”ဟု သူရေးသားခဲ့သည်။

သမ္မာကျမ်းစာမှ ထွက်မြောက်ရာကျမ်း ၃ သည် ဂျက်အ‌ပေါ် လွှမ်းမိုးမှု အရှိဆုံး ဖြစ်သည်။ ဘုရားသခင်သည် မောရှေအား ဣသရေလလူမျိုးတို့ကို အီဂျစ်ပြည်မှ ရွေးနှုတ်ရန် ခေါ်ဆိုခဲ့သည်။ မောရှေက “အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍၊…

သခင်ယေရှု၏ အသွေးတော်

သဘာဝအားဖြင့် အနီရောင်သည် ကျွန်တော်တို့ပြုလုပ်သောအရာများတွင် ပါဝင်လေ့မရှိပါ။ တောက်ပသော ပန်းသီးအရောင်ကို တီရှပ်အင်္ကျီ (သို့) နှုတ်ခမ်းနီထဲသို့ မည်ကဲ့သို့ ထည့်သွင်းပါသနည်း။ ရှေးခေတ်က အနီရောင်ကို ရွံ့ (သို့) အနီရောင်ကျောက်များမှ ထုတ်ယူသည်။ ၁၄၀၀ ပြည့်နှစ်များတွင် မက်ဆီကိုနိုင်ငံ အလယ်ပိုင်းဒေသရှိ အက်ဇထက်ခ် (Aztecs) လူမျိုးများသည် အနီရောင်ပိုးမွှားများကိုအသုံးပြု၍ ဆိုးဆေးအနီ ပြုလုပ်သည့်နည်းလမ်းတခုကို တီထွင်ခဲ့သည်။ ယနေ့တွင် ထိုအင်းဆက်ပိုးမွှား သေးသေးလေးများကပင် ကမ္ဘာကြီးကို အနီရောင်ဖြင့် ထောက်ပံ့ပေးပါသည်။

သမ္မာကျမ်းစာ၌ အနီရောင်သည် တော်ဝင်မျိုးနွယ်တို့၏သင်္ကေတ ဖြစ်ပြီး အပြစ်နှင့် သိမ်ငယ်ခြင်းကိုလည်း ကိုယ်စားပြုသည်။ ၎င်းသည် သွေး၏အရောင်လည်းဖြစ်သည်။ စစ်သားများက သခင်ယေရှု၏ “အဝတ်တော်ကိုချွတ်၍ နီသောဝတ်လုံကိုခြုံစေကြ”သောအခါ (မ ၂၇:၂၈) အနီရောင် ကိုယ်စားပြုသည့် ထိုသင်္ကေတ (၃) ခုလုံးသည် စိတ်နှလုံးကြေကွဲစရာ ပုံရိပ်အဖြစ် ပူးပေါင်းသွားကြသည်။ သခင်ယေရှုသည် တော်ဝင်မင်းမျိုးအဖြစ် လှောင်ပြောင်ခံရလျက်၊…

ဘုရားသခင်ထံ စွန့်လွှတ် အပ်နှံခြင်း

လယ်ထဲတွင် မွေးဖွားကြီးပြင်းခဲ့သူ Judson Van DeVenter (ဂျဒ်ဆန်ဗန်ဒီဗန်ဒါ)သည် ပန်းချီပညာ သင်ယူခဲ့ကာ အနုပညာကိုလေ့လာခဲ့ပြီးနောက် အနုပညာဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော် ဘုရားသခင်ထံတွင် သူ့အတွက် အခြားအကြံအစည်ရှိသည်။ ဘုရားကျောင်းတွင် သူ၏လုပ်ကိုင်ဆောင်ရွက်မှုတို့ကို သူငယ်ချင်းများက တန်ဖိုးထားပြီး ဧဝံဂေလိပြုရန် သူ့အားတိုက်တွန်းခဲ့သည်။ ဘုရားသူ့ကိုခေါ်နေသည် ဟု ဂျဒ်ဆန် ခံစားခဲ့ရသည်။ သို့သော် သူမြတ်နိုးသည့် အနုပညာသင်ခြင်းကို မစွန့်လွှတ်နိုင်ပေ။ ဘုရားနှင့်သူလုံးထွေးခဲ့ရသော်လည်း “နောက်ဆုံး ငါ့ဘဝရဲ့ အဓိကအချိန် ရောက်လာခဲ့ပြီ။ ငါအားလုံးကို အပ်နှင်းလိုက်ပြီ” ဟု သူရေးခဲ့သည်။

သားဖြစ်သူ ဣဇက်ကိုပေးရန် ဘုရားတောင်းသည့်အခါ အာဗြဟံခံစားရမည့် ကြေကွဲမှုကို ကျွန်ုပ်တို့မတွေးရဲပါ။ ဣဇက်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် ဘုရားရှင်မိန့်သည့် အဖြစ်အပျက်ကို (က ၂၂:၂) သိရသည့်အခါ မည်သည့်အဖိုးတန်ပစ္စည်းများကို ပူဇော်ရန် ကျွန်ုပ်တို့ကို ဘုရားသခင်မိန့်မှာနေသနည်းဟု ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်မေးကြသည်။ အဆုံးတွင် ဣဇက်ကို ဘုရားချမ်းသာပေးကြောင်း (:၁၂) ကျွန်ုပ်တို့သိသော်လည်း…

ခွင့်လွှတ်ခြင်းနှင့် မေ့ပစ်ခြင်း

Jill Price (ဂျေးလ်ပရိုက်စ်)သည် သူ့မ၌ ဖြစ်ခဲ့သမျှအရာအားလုံးကို အလွန်တိကျသော အသေးစိတ်အချက်အလက်များနှင့် မှတ်မိနိုင်စွမ်းရှိသည့် hyperthymesia (ဟိုက်ပါသိုင်မီးစီးယား) ရောဂါအခြေအနေနှင့် မွေးဖွားလာခဲ့သည်။ ဘဝတစ်လျှောက် တွေ့ကြုံခဲ့သည့် မည်သည့်အဖြစ်အပျက်ကိုမဆို သူ့စိတ်ထဲတွင် အတိအကျ ပြန်လည်စဉ်းစားနိုင်သည်။

‘Unforgettable’ (မမေ့နိုင်သော) ဟူသည့် ရုပ်မြင်သံကြားအစီအစဉ်သည် အသေးစိတ်စုံစမ်းမှုနှင့် မှုခင်းများဖြေရှင်းရာတွင် သူမအတွက် အလွန်အထောက်အကူပြုသည့် ဟိုက်ပါသိုင်မီးစီးယား ရောဂါအခြေအနေရှိသော ရဲမေတစ်ဦးအကြောင်းဖြစ်သည်။ ဂျေးလ်ပရိုက်စ် အတွက်မူ ဤအခြေအနေသည် အလွန်ပျော်စရာ မဟုတ်ပါ။ သူမဘဝတွင် သူမ ဝေဖန်ခံရခြင်း၊ ဆုံးရှုံးမှုကို တွေ့ကြုံရခြင်း သို့မဟုတ် အလွန်အမင်းနောင်တရရသည့်အရာတစ်ခုခုကို သူမလုပ်ခဲ့သည့်အခိုက်အတန့်များကို သူ မမေ့နိုင်ပါ။ ထိုအချိန်များကို သူမခေါင်းထဲတွင် ထပ်တလဲလဲ ပြန်ပြန်မြင်ယောင်သည်။

ကျွန်တော်တို့၏ဘုရားသခင်သည် အရာခပ်သိမ်းကို သိမြင်ပါသည် (ဘုရား သခင်၏ ဟိုက်ပါသိုင်မီးစီးယား ဟု ဆိုနိုင်ပါသည်)။ ထာဝရဘုရား၏ဉာဏ်ပညာတော်သည် အတိုင်းအဆမရှိကြောင်းကို သမ္မာကျမ်းစာမှ ဆိုထားသည်။…